ဝင်ရောက်မှု အကြိမ်

รายการบล็อกของฉัน

12.11.53

သာယာလှပပြီး သဘာဝအရင်းမြစ် ပေါကြွယ်ဝသော ထားဝယ်မြေ

ထားဝယ်နယ်ဟာ မြေပေါ်မြေအောက် ရေပ်ါရေအောက် သဘာဝ သယံဇာတ တွေနဲ့ ပြီးပြည့်စုံတဲ့ နယ်တခုဖြစ်တယ်၊ ဒါ့အပြင်မှာ ပထဝီ အနေထားအရ သို့မဟုတ် ခောတ်သစ် စီပွားရေး မဟာဗျုဟာ အရ အရမ်းကို တိုးတက်သင့်တဲ့ ဒေသတခုဖြစ်တယ်။ ဒါပေမယ့် အုပ်ချုပ်သူ စစ်အစိုးရ ခေါင်းဆောင်ပိုင်းရော တာဝန်အရ ရောက်လာတဲ့ တိုင်မှူးတွေရော မည်သူမျှ တိုးတက်အောင် မလုပ်နိုင်တာလား တမင်တကာ မလုပ်ပေးတာလား မသိပါ၊ ထားဝယ်နယ်ကတော့ တိုးတက်မှုနှေးကွေးပြီး မပြာင်းလဲသလောက်ပါပဲ့၊ ဒီထက်ဆိုးတာက လူတွေဟာ ပိုမို စီပွားကြပ်တည်းလာတယ်၊ ရွာတွေမှာဆို သာမာန်လူတန်းစားတွေ စားဖို့အဓိက ဦးစားပေးရတာကြောင့် ပညာရေးကို ဦးစားမပေးနိုင်ပါ ။ ကျောင်းမထားနိုင် အရွယ်ရောက်လာလို့ ဘာအလုပ်ကိုမှမရှိ ရှမ်းပြည်(ထိုင်းနိုင်ငံ) သွား၊ အောင်ခြေအလုပ်သမား အလုပ်လုပ်၊ ဒါတွေဟာ တိုးတက်နေတဲ့ တိုင်းပြည်တခုရဲ့ ပြယုဒ်တခု မဟုတ်ပါဘူး။ ဗဟိုအစိုးရမှသည် နယ်မြေအုပ်ချုပ်သည့်တိုင်းမှူး တို့၏ အုပ်ချုပ်မှု၊စီမံခန့်ခွဲရေး ညံ့ဖျင်းမှု လာဘ်စားမှု အရည်ချင်းရှိသူကို ထိုက်သင့်တဲ့ နေရာ၊ရာထူး မပေးဘဲ မိမိကိုများများ ကန်တော့သောသူ ဂွင်ရှာပေးသူတို့ကို စည်းကမ်းမဲ့ ရာထူးနေရာများ ပေးထားခြင်းကြောင့်လည်း ပါဝင်ပါတယ်။