ဝင်ရောက်မှု အကြိမ်

รายการบล็อกของฉัน

31.12.53

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အနာဂတ် ထားဝယ်


ထားဝယ်ဒေသ တခုလုံးကို အကြီးမားဆုံး ပြောင်းလဲစေမည့် ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်းကြီး တခုကို ထိုင်းနိုင်ငံမှ Italian Thai Co.ltd ၏ ရင်းနှီးမြုတ်နှံမှုဖြင့် စတင်တော့ မည်ဖြစ်သည်။ ထိုစီမံကိန်း၏ အသေးစိတ် အချက်လက် သဘောတူညီမှု များကို နအဖ အစိုးရအဖွဲ့မှ ဆိပ်ကမ်းအာဏာပိုင်နှင့် အီတာလျံ ထိုင်း ကုမ္ပဏီတို့ နေပြည်တော်တွင် နိုဝင်ဘာလ အစောပိုင်းကတည်းက လက်မှတ်ရေးထိုးပြီး ဖြစ်သည်။ မည်သို့ သဘောတူချက်ရှိသည် ဘာအချက်လက်တွေပါသည် ဆိုတာ နအဖ စစ်အစိုးရမှ ထုံးစံအတိုင်း သတင်းကြေငြာချက် မထုတ်ပါ၊ ပြည်သူကို အသိပေးရမှာ အရမ်းကြောက်ပါသည်။ ဒါပေမယ့် အီတာလျံထိုင်း ကုမ္ပဏီမှ ရင်းနှီးမြုတ်နှံမှု အတွက် ထိုင်းစတော့ ရှယ်ယာဈေးကွက် ကုမ္ပဏီမှတဆင့် စိတ်ပါဝင်စားသူ စီးပွားရေး ကုမ္ပဏီများကို ဖိတ်ခေါ်ချက် အရ အနှစ်(၆၀) စီမံကိန်ဟု သိရှိရပါသည်။ အခြေနေအရ သက်တမ်းတိုးခွင့် ရှိကြောင်းလည်း ဖေါ်ပြထားပါသည်။ ထိုရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အတူ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ရေနံဓာတု သန့်စင်စက်ရုံ(ပီတိုခေမီ)၊သံမဏိစက်ရုံ၊ လောင်စာဆီ သိုလှောင်စည်နှင့် စခန်း၊သင်္ဘောကျင်း စသည်တို့ပါအုံးမည် ဖြစ်သည်။ ထို့အပြင် ထိုရေနက်ဆိပ်ကမ်း မှ ထိုင်းနိုင်ငံ ကမ်ချနဘူလီ ခရိုင်ကို ဆက်သွယ်မည့် စူပါဟိုက်ဝေးလမ်း (နောက်ဆက်တွဲ ရထားလမ်းပါ ပါနိုင်) သည် ထားဝယ်ဒေသကြီးအတွက် ဝမ်းမြောက်ဖွယ်ရာ အဓိကအချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရေနက်ဆိပ်ကမ်နှင့် စက်မှုဇုံတို့သည် ဒေသခံ အကျိုးစီးပွားထက် အစိုးရနှင့် ရင်းနှီးမြုတ်နှံသည့် ကုမ္ပဏီတို့ အကျိုးစီးပွား ပိုမိုစေပေမယ့်...ဟိုက်ဝေးအမြန်လမ်းမ ကြီးမှာ ထားဝယ်ဒေသနှင့် ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သော ထိုင်းနိုင်ငံ နှင့်ဆက်သွယ်ပေးမည် ဖြစ်ရာ ကုန်သွယ်ရေး အရမ်းတိုးတက်လာနိုင်ပြီး စိုက်ပျိုးရေး မွေးမြူရေး ရေလုပ်ငန်း ကုန်ထုတ်လုပ်မှု များပါ နောက်ဆက်တွဲ တိုးတက်လာနိုင်ပါသည်(အရင်တချိန်က ကုန်ကြမ်းထွက်ပေမယ့် ဈေးကွက်ကို ရောက်နိုင်ဖို့ ခက်ခဲသောကြောင့် အကန့်သန့်ဖြစ်သာ ထုတ်လုပ်ခဲ့သည်)၊ နောက်...ဟော်တယ်နှင့် ခရီးသွားလာရေး လုပ်ငန်း တွေပေါ်ထွန်းလာပြီး အလုပ်ကိုင်နှင့် အခွင့်လန်းမျာပါ ပေါလာနိုင်ပါသည်။
ထိုစီမံကိန်းကြောင့် ထားဝယ်မြို့နှင့် အဆိုပါ နဘုလယ် အနီးတဝိုက်တွင် မြေဈေးမှာလည်း ချက်ချင်းတိုးတက်သွားပါသည်။ ထားဝယ်သားများ အနေဖြင့်သတိထားရမည့် အချက်မှာ ထိုနေရာများသို့ နအဖ လက်ပါးစေ ဝိသမ စီးပွားရေးသမားများ ခြေကုတ်ယူလာမည့် အရေးဖြစ်ပါသည်၊ ပုသိမ် ချောင်းသာကမ်းခြေ တိုးတက်စည်ကား လာတော့ ဒေသခံတွေကို မောင်းထုတ်ပြီး နအဖစစ်အစိုးရ နှင့်နီးစပ်သည့် စီးပွားရေးသမားများ နယ်လု ဟိုတယ်လာဆောက် ခဲ့သည့် သာဓကများ ရှိခဲ့သည် မဟုတ်လား...။ ကြားနေရပါသည် မြေကွက်တွေကို သိမ်းမည် လယ်တွေဆုံးမည်၊ကော်တောတွေ ဆုံမည် စသည်ဖြစ်ပေါ့...အမှန်က... ကျနော်အီတာလျံ ထိုင်းကုမ္ပဏီကို ဆက်သွယ်မေးမြန်းရာတွင် ဒေသခံ မိဘ ပြည်သူလူထု မိရိုးဖလာ ပိုင်ဆိုင်လာစသည့် အိမ်၊လယ်ယာ၊မြေ များကို အတင်းအဓမ္မ သိမ်းမှာမဟုတ်ကြောင်း စီမံကိန်းနေရာ တော်တော် များများသည် အများပြည်သူ နေထိုင်ရာ ရပ်၊ရွာတွေနှင့် လွတ်ကင်းကြောင်း တချို့စိုက်ပျိုးရေးခြံ နေရာများသာ လမ်းဧရိယာနှင့်၎င်း စက်မှုဇုံ ဧရိယာနှင်၎င်း အနည်းငယ်မလွတ်ကင်းကြောင်း အကယ်၍ လိုအပ်လာပါက ထိုနေရာ များကိုလည်း ထိုက်သင့်သည့် တန်ဖိုးလျော်ကြေးပေးမှာ ဖြစ်ကြောင်းပြောကြားပါသည်။ သို့ရာတွင် ထိုစီမံကိန်းကြောင့် စီးပွားရေး အတွက် အရေးပါလာမည့် မြေနေရာများကို နအဖ၊စစ်ရာဇဝတ်ကောင်တွေနှင့် ၎င်းတို့အလိုတော်ရိ စစ်ဝါဒီ လက်ပါးစေ ဝိသမစီးပွားရေး သမားများ အလကား သို့မဟုတ် ဈေးပေါပေါ နှင့်လိုချင်လာသော အခါ...ထိုမိရိုးဖလာ ဘိုးစဉ်၊ဘွားဆက်ပိုင်လာသည့် အိမ်၊လယ်၊စိုက်ပျိုးခြံ များကို အတင်းအဓမ္မသိမ်း၍ ဒေသခံများကို ဧကံမုချ မောင်းထုတ်မှာ သေချာပါသည်။

12.11.53

သာယာလှပပြီး သဘာဝအရင်းမြစ် ပေါကြွယ်ဝသော ထားဝယ်မြေ

ထားဝယ်နယ်ဟာ မြေပေါ်မြေအောက် ရေပ်ါရေအောက် သဘာဝ သယံဇာတ တွေနဲ့ ပြီးပြည့်စုံတဲ့ နယ်တခုဖြစ်တယ်၊ ဒါ့အပြင်မှာ ပထဝီ အနေထားအရ သို့မဟုတ် ခောတ်သစ် စီပွားရေး မဟာဗျုဟာ အရ အရမ်းကို တိုးတက်သင့်တဲ့ ဒေသတခုဖြစ်တယ်။ ဒါပေမယ့် အုပ်ချုပ်သူ စစ်အစိုးရ ခေါင်းဆောင်ပိုင်းရော တာဝန်အရ ရောက်လာတဲ့ တိုင်မှူးတွေရော မည်သူမျှ တိုးတက်အောင် မလုပ်နိုင်တာလား တမင်တကာ မလုပ်ပေးတာလား မသိပါ၊ ထားဝယ်နယ်ကတော့ တိုးတက်မှုနှေးကွေးပြီး မပြာင်းလဲသလောက်ပါပဲ့၊ ဒီထက်ဆိုးတာက လူတွေဟာ ပိုမို စီပွားကြပ်တည်းလာတယ်၊ ရွာတွေမှာဆို သာမာန်လူတန်းစားတွေ စားဖို့အဓိက ဦးစားပေးရတာကြောင့် ပညာရေးကို ဦးစားမပေးနိုင်ပါ ။ ကျောင်းမထားနိုင် အရွယ်ရောက်လာလို့ ဘာအလုပ်ကိုမှမရှိ ရှမ်းပြည်(ထိုင်းနိုင်ငံ) သွား၊ အောင်ခြေအလုပ်သမား အလုပ်လုပ်၊ ဒါတွေဟာ တိုးတက်နေတဲ့ တိုင်းပြည်တခုရဲ့ ပြယုဒ်တခု မဟုတ်ပါဘူး။ ဗဟိုအစိုးရမှသည် နယ်မြေအုပ်ချုပ်သည့်တိုင်းမှူး တို့၏ အုပ်ချုပ်မှု၊စီမံခန့်ခွဲရေး ညံ့ဖျင်းမှု လာဘ်စားမှု အရည်ချင်းရှိသူကို ထိုက်သင့်တဲ့ နေရာ၊ရာထူး မပေးဘဲ မိမိကိုများများ ကန်တော့သောသူ ဂွင်ရှာပေးသူတို့ကို စည်းကမ်းမဲ့ ရာထူးနေရာများ ပေးထားခြင်းကြောင့်လည်း ပါဝင်ပါတယ်။